The Selling Concept ( ရောင်းချခြင်း သဘောတရား )
The Selling Concept ( ရောင်းချခြင်း သဘောတရား )
ကျွန်တော်တို့ Sale & Marketing စလုပ်မယ့် ညီငယ် ညီမငယ်တွေအနေနဲ့ အများဆုံး မေးလေ့ ရှိတာက Sale ဆိုတာ ဘာလဲ .. Marketing ဆိုတာ ဘာလဲ .. စသည်ဖြင့် သိချင်စိတ် ပြင်းပြစွာနဲ့ မေးကြပါတယ်။ ဒီနေ့မှာတော့ Sale ဆိုတာ ဘာလဲ ဆိုတဲ့ သဘောတရားကို ကျွန်တော် လေ့လာမိသလောက် ဖော်ပြပေးချင်ပါတယ်။
(မှတ်ချက် – Management စကားလုံးများကို တခါတရံမှာ မြန်မာလို တိုက်ရိုက် ဘာသာပြန်တာထက် သူ့ အင်္ဂလိပ် စကားလုံးအတိုင်း ပြောဆိုတာ မိုမို နားလည်လွယ်ကူနိုင်ပါလိမ့်မယ်)
ဒါဆိုရင် ကျွန်တော်တို့ Selling Concept အကြောင်းကို စလိုက်ကြရအောင် ..
The Selling Concept လို့ ပြောရင် အပိုင်း (၄)ပိုင်း သို့မဟုတ် အဆင့် (၄) ဆင့် ရှိပါတယ်။
(1) Starting Point
(2) Focus
(3) Means
(4) Ends ဆိုပြီး အဆင့်တွေ ရှိပါတယ်။
အထက်ဖော်ပြပါ အဆင့်တွေ မပြောခင်မှာတော့ Selling Concept ကတော့ ..
“Focuses On Existing Products & Heavy Selling” ပါ ခင်ဗျ .. လက်ရှိ ရှိနေတဲ့ ထုတ်ကုန်ပစ္စည်းပေါ်ကို Focus ထားတယ်။ နောက်တစ်ချက် ခပ်ကြမ်းကြမ်းလေး ရောင်းရချင်တယ်။ ဒါကို “Inside-Out View” လို့ခေါ်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ Starting Point ဟာ ထုတ်လုပ်မှု စက်ရုံ (Factory) မှာ စတင်ပြီး အာရုံစိုက်ထားရှိမှု (Focus) ကတော့ ထုတ်ကုန်ပစ္စည်း (Product) တွေမှာ ဖြစ်ပါတော့တယ်။
စက်ရုံက ထုတ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချမယ်၊ အရောင်းမြှင့်တင်ရေးတွေ လုပ်မယ် (Means)။ အဆုံးသတ် (End) ကတော့ အရောင်းကနေတဆင့် အကျိုးမြတ်ရရှိခြင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ Selling Concept ရဲ့ ရည်ရွယ်ချက်က စားသုံးသူ လိုချင်တဲ့အရာထက် Company ရဲ့ ထုတ်ကုန်တွေကို များများရောင်းချနိုင်ဖို့သာ ရည်ရွယ်ချက် အဆုံးသတ်သာ ဖြစ်ပါတော့တယ် ခင်ဗျာ ..
အနှစ်ချုပ်အနေနဲ့ The Selling Concept ကို ဖော်ပြရရင် စက်ရုံက ထုတ်သမျှ ရောင်းချနိုင်ဖို့ အရောင်းမြှင့်တင်ရေး အစီစဉ် အမျိုးမျိုးတွေ လုပ်ပြီး အရောင်းတွေကတဆင့် Company အကျိုးအမြတ်တွေ များစွာ ရရှိဖို့သာ ဖြစ်တယ် ဆိုတဲ့ သဘောတရား တစ်ခုလည်း ဖြစ်ပါတော့တယ် ခင်ဗျာ ..
ကိုနေ (NSMS)