Needs တွေဟာ ဒီဆင့် (၅) ဆင့်ကနေ ပြေးမလွှတ်နိုင်ပါဘူ
Needs တွေဟာ ဒီဆင့် (၅) ဆင့်ကနေ ပြေးမလွှတ်နိုင်ပါဘူး …
နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဖြစ်တဲ့ “Abraham Maslow” က သူ့ရဲ့ “A Theory of Human Motivation” စာအုပ်ထဲမှာ လူတွေရဲ့ လိုအပ်ချက်တွေဟာ ဒီအဆင့် (၅)ဆင့်မှာ ရှိနေပြီး ပြေးမလွှတ်ဘူးလို့ ဖော်ပြရေးသားခဲ့တယ်။ ဒါကို ကျွန်တော်တို့ အားလုံးသိကြတဲ့ “Maslow’s Hierarchy of Needs Theory” ပါပဲ။
“Maslow’s Hierarchy of Needs Theory” မှာ ပါတဲ့ အဆင့်တွေကို ဆက်လေ့လာကြည့်မယ်ဆိုရင် ….
First Level
=======
“The first level of needs are the Physiological needs which are essential for us to survive. So this can include anything from air for breathing, water, food, sleep, shelter, and clothing.”
လိုအပ်ချက်များ၏ပထမအဆင့်မှာကျွန်ုပ်တို့ရှင်သန်နိုင်ရန်အတွက်လိုအပ်သောဇီဝကမ္မဆိုင်ရာလိုအပ်ချက်များဖြစ်သည်။ လေ၊ လေ၊ အစားအစာ၊ အိပ်စက်ခြင်း၊ အမိုးအကာနှင့်အ ၀ တ်အထည်များပါ ၀ င်သည်။
ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ မဖြစ်မနေ လိုအပ်တဲ့ အရတွေ ဖြစ်ပါတယ်။ ဒီအရာတွေ မရှိခဲ့ရင်တော့ ကျွန်တော်တို့ အတော်ကြီး ပြဿနာ ရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ အသက်ရှင် ကျန်းမာဖို့အတွက် ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်တဲ့ လေ၊ရေ၊ အစားအစာ၊အိပ်စက်ခြင်း၊ လုံခြုံတဲ့ နေရာထိုင်ခင်း၊ အမိုးအကာ၊ အဝတ်အစား။ ဒါတွေဟာ မဖြစ်မနေ မရှိမဖြစ်အနေနဲ့ လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။
Second Level
==========
“The second level of needs are the needs for Safety. The safety needs can include personal security, safety of resources, safety of employment, safety in property and health. All the safety needs are the basic needs for humans as well.”
ဒုတိယအဆင့်မှာတော့ လုံခြုံစိတ်ချမှုတွေအတွက် လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ အရင်းအမြစ်များလုံခြုံမှု၊ အလုပ်အကိုင်လုံခြုံမှု၊ ပိုင်ဆိုင်မှုနှင့်ကျန်းမာရေးစတာတွေ ပါဝင်ပါတယ်။ လုံခြုံရေးလိုအပ်ချက်အားလုံးသည်လူသားတို့အတွက်အခြေခံလိုအပ်ချက်များလည်း ဖြစ်ပါတယ်။
Third Level
=========
The third level of Maslow’s Hierarchy of Needs is the need for Love; the need to belong, the need to have friends and family. So this level of needs is called the social needs.
မိတ်ဆွေတွေ ၊ လူမှု အသိုင်းအဝိုင်းတွေ၊ ချစ်ခြင်း မေတ္တာတွေ၊ ချစ်ခင် နွေးထွေးမှုတွေ ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြထားတဲ့ တတိယ အဆင့် ဖြစ်ပါတယ်။ ခင်မင် ရင်းနှီးမှုကို ပိုတန်ဖိုးထားလာတဲ့ အဆင့်လို့ ဆိုရမှာပါ။
Fourth Level
=========
The fourth level is the needs for Esteem, self-esteem. In this level, we like to feel confident and have a sense of achievement in what we do. So this level is also called as the level of respect. We like to gain respect from others in this level.
ဒီဆင့်ရောက်သွားရင်တော့ တန်ဖိုးထားမှုတွေ၊ လေးစားမှုတွေ၊ ယုံကြည်မှုတွေ အတွက် လိုအပ်လာတဲ့ အချက်များ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို လေးစားတာ၊ ကြည်ညိုတာ၊ အားကျတာ၊ အတုယူသွားတာ၊ တစ်စုံတစ်ခုကို လုပ်ကိုင်ဆောင်ရွက်လိုက်လို့ အောင်မြင်သွားတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် အပြည့်ရှိတာ စတဲ့ အချက်တွေကို ရယူပိုင်ဆိုင်လိုလာကြပါတယ်။ ဒီအဆင့်ကို လေးစားမှု အဆင့်လို့ ခေါ်ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားရန်၊ လေးစားမှုအတွက်လိုအပ်ချက်များဖြစ်သည်။ ဒီအဆင့်မှာကျနော်တို့ယုံကြည်မှုခံစားရပြီးငါတို့လုပ်ရာမှာအောင်မြင်မှုတစ်ခုခံစားချင်ကြတယ်။ ဒီအဆင့်ကို လေးစားမှု အဆင့်လို့လည်းခေါ်တယ်။အခြားသူများထံမှ လေးစားမှု ကိုရလိုကြသည်။
Fifth Level
========
The fifth level is called Self-actualization level. Self-actualization is basically our need for wanting morality, a sense of morality, a need for acceptance and also creativity. In other words, the level of self-actualization can be called as the level of our full potential.
ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ စိတ်ရဲ့ ပြီးပြည့်စုံမှု၊ လိုအပ်ချက်တွေရဲ့ ပြီးပြည့်စုံမှုတွေ ဖြစ်ပါတယ်။ ကိုယ့် ကိုကိုယ် အောင်နိုင်သူများပေါ့။ သူတို့ တန်ဖိုးထားတဲ့ ကိုယ့်ကျင့်တရားပိုင်းတွေကို အထိမခံတာလည်း ဖြစ်ပါတယ်။ Marketer ဖြစ်လိုသူများအနေနဲ့ အထက်ဖော်ပြပါ အကြောင်းအရာတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ တချို့ ကုမ္ပဏီ အဖွဲ့အစည်းတွေက Needs တွေကို နားလည်ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွာနိုင်တာလည်း မြင်တွေ့ရအုံးမှာပါ ခင်ဗျာ .. အောက်က ပုံလေးကို ကြည့်ရင် တစ်စုံတစ်ခု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ ..