ဖဲ့ချင်တယ်ဆိုဖဲ့ ဒါပေမယ့် ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ဖဲ့ပါ ..
ဖဲ့ချင်တယ်ဆိုဖဲ့ ဒါပေမယ့် ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ဖဲ့ပါ ..
“We wish you a scary Halloween!”
Marketing မှာ Basic Elements of the Promotional Mix ဆိုပြီး ရှိပါတယ်။ Promotional Mix မှာ Advertising အပိုင်း ပါဝင်ပါတယ်။ ကမ္ဘာကျော် Coke Brand နှစ်ခုကို အားလုံး သိကြမယ် ထင်ပါတယ်။ Coco Cola & Pepsi ကတော့ ဈေးကွက်ရှယ်ယာ ဝေစု မကျစေဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ယနေ့တိုင် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
အပေါ်က “We wish you a scary Halloween!” ကတော့ Pepsi က Coca Cola ကို ဖဲ့တဲ့ ကြော်ငြာစာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလလောက်မှာ Pepsi က Halloween အတွက် ကြော်ငြာတစ်ခု ဖန်တီးဖို့ အပူတပြင်း ဖြစ်နေရှာပါတယ်။ ဒါနဲ့ပဲ ဘယ်လ်ဂျီယံနိုင်ငံက ကြော်ငြာအေဂျင်စီ တစ်ခုကို အပ်ပြီး ကြော်ငြာဖန်တီးခဲ့ပါတယ်။
ကြော်ငြာရဲ့ ရည်ရွယ်ချက်ကိုက Coca Cola ဒဲ့ အပြီဖဲ့ဖို့အတွက်ပါ။ ဒါပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ Halloween ဖြစ်တာကြောင့် ကြော်ငြာမှာ ဝတ်ရုံကို အနက်ရောင်သုံးရမှန်း သိပေမယ့် ဖဲ့ချင်ဇောနဲ့ အနီရောင် သုံးခဲ့ပါတယ်။ (ဒဲ့ ဖဲ့ဒါ)
ကြော်ငြာ ဖန်တီးပြီး ဈေးကွက်ကို ချပြလိုက်တဲ့အခါမှာတော့ …
” Everybody wants to be a hero!” ဆိုပြီး Coca Cola ဘက်က Fan တွေက ဟီးဟီး ဟားဟားနဲ့ မဆိုင်းမတွ တုံ့ပြန် တိုက်ခိုက်လာပါတော့တယ်။ Pepsi က ဖဲ့ချင်ဇော များခဲ့ပေမယ့် တစ်ဖက်က ကြော်ငြာစာလေးပဲ ပြောင်းရုံသာ ပြောင်းပေးလိုက်တာ Pepsi ရှုံးနှိမ့်ခဲ့ပါတယ်။
Coca Cola က ကြောက်စရာမကောင်းတော့ဘဲ ဝတ်ရုံအနီကြောင့် Super Hero ကြီး ဖြစ်သွားပါတော့တယ် ခင်ဗျာ … ဒါ့ကြောင့် တစ်ဖက် ပြိုင်ဘက်တွေကို ဖဲ့ချင်ရင် ဘက်ပေါင်းစုံက အရင်စဉ်းစားပြီးမှ ဖဲ့တာ ပိုကောင်းပါတယ်လို့ မျှဝေချင်ပါတော့တယ် ခင်ဗျာ ..
ကိုနေ (NSMS)