Needs တွေကို ခွဲခြားမယ်ဆိုရင်
ကျွန်တော်တို့ Needs တွေအကြောင်း ဆွေးနွေးကြရအောင် .. Marketer တစ်ယောက် ဖြစ်လာပြီ .. ဖြစ်ချင်ပြီ .. ဖြစ်အောင် ကြိုးစားနေပြီဆိုရင်တော့ အခြေခံကျတဲ့ Customer Needs တွေကို လေ့လာ ထားဖို့ လိုအပ်ပါတယ်။ တီးမိ ခေါက်မိ ရှိထားဖို့ လိုအပ်ပါတယ်။
Needs တွေကို ခွဲခြားမယ်ဆိုရင် အမျိုးအစား (၃)မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေက ..
Physical Needs
Social Needs
Individual Needs ဆိုပြီး (၃)မျိုး ဖြစ်ပါတယ်။
Physical Needs ဆိုတာ ကျွန်တော်တို့ လူရယ်လို့ ဖြစ်လာပြီ ဆိုရင် မဖြစ်မနေ လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် လေဟာလည်း မဖြစ်မနေ လိုအပ်တဲ့ လိုအပ်ချက် တစ်ခု ဖြစ်သလို အစားအစာ ၊ အဝတ်အစား၊ ရေ ၊ လုံခြုံတဲ့ အမိုးအကာ၊ နေစရာ စတာတွေဟာ Physical Needs တွေ ဖြစ်ပါတယ်။ အဲ့ဒီ့ တကယ် လိုအပ်တဲ့ အရာတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ရွာပတ်သွားမှာ အသေအချာပါပဲ။
Social Needs
ဒါလည်း ကျွန်တော်တို့ အမှန်တကယ် လိုအပ်တဲ့ အရာထဲမှာ ပါဝင်ပါတယ်။ လူမှု့အသိုင်းအဝိုင်းတစ်ခုခုထဲမှာ ကျွန်တော်တို့ ရှိနေချင်တာပါ။ ကျွန်တော်တို့ကလည်း အဖတ်လုပ်သလို ကျွန်တော်တို့ကိုလည်း အဖတ်လုပ်တဲ့ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းတွေ ကို လိုအပ်တာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ဆိုရင် ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေဟာ Marketer တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် မိတ်ဆွေအနေနဲ့ Marketing Group တွေ အဖွဲ့အစည်းတွေထဲမှာ ပါဝင် ပတ်သတ်ချင်တာ ဖြစ်ပါတယ်။ မိသားစုဆိုတာလည်း ထို့အတူပါပဲ။ ကိုယ့် မိသားစုထဲမှာ ကိုယ်ရှိနေချင်တာ ရှိဖို့လိုအပ်တာ ခွဲမထွက်ချင်တာမျိုးတွေပေ့ါ။
နောက်တစ်ချက်က Affection လို့ ခေါ်တဲ့ ချစ်ခင်တာတွေကိုပါ။ ကိုယ်ကလည်း တပါးသူကို ချစ်ခင် သလို သူတစ်ဖက်သားကလည်း ကိုယ့်ကို ချစ်ခင်တာတွေကို လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အပေါင်းအသင်းတွေက ကိုယ့်အပေါ် ချစ်ခင်တာမျိုးတွေလည်း ပါဝင်ပါတယ်။ ကိုယ်ကချည်း ချစ်နေ ခင်နေရုံနဲ့ မပြီးပါဘူး။ အပြန်အလှန် ရှိနေဖို့ လိုအပ်ပါတယ်။
Individual Needs
လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ သဘောတရားတွေကတော့ ပတ်ဝန်းကျင် အခြေအနေအရ ကွဲပြားနိုင်ပေမယ့် ဘုံတူညီချက်တွေက လူတိုင်းဟာ အသိပညာတွေ၊ ဗဟုသုတတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လိုလည်း လိုချင်ကြပါတယ်။ နောက်ပြီး ကိုယ့်ကိုကိုယ်လည်း တဖက်သားအသိမှတ်ပြုတာတွေ ခံချင်ကြပါတယ်။ ကိုယ်သိ ကိုယ်တတ်ကြောင်းလည်း ပြချင်တာ ကိုယ်သိတာကို တစ်သားလက်ခံသွားအောင် လုပ်ချင်တာ တဖက်လူသိသွားဖို့ သိဖို့ လိုအပ်တာ စသည်ဖြင့် အတ္တဆန်တဲ့ သဘောတွေလည်း ပါဝင်ပါတော့တယ် ခင်ဗျာ ..