The Marketing Concept
The Marketing Concept
“We don’t have a marketing department, we have a customer department.”
ငါတို့မှာ Marketing Department မရှိဘူးဟေ့ ..
ဖောက်သည် ဝန်ဆောင်မှု Department ပဲ ရှိတယ်ဟ …
ပထမတော့ ဘယ်လိုကြီးလဲပေ့ါနော် .. Marketing Concept လို့ ပြောပြီး Customer ဘက် လှည့်လာလို့ … တွေးစရာ စဖြစ်ခဲ့တယ်။ ဒီစကားကို Southwest Airlines’ Colorful Founder က ပြောခဲ့တဲ့စကားဖြစ်ပါတယ်။
Marketing Concept လို့ ပြောရင် “Focuses On Satisfying Customer Needs” ဖြစ်နေပါတယ်။ ဒါကို “Outside-In View” လို့လည်း ခေါ်ပါတယ်။ Marketing Concept မှာ Selling Concept လိုပဲ အဆင့် (၄) ဆင့် ရှိပါတယ်။ ဒါပေမယ့် Starting Point ကတော့ Selling Concept နဲ့ လုံး၀ မတူပါဘူး။ အတော်လေးကို ခြားနားပါတယ်။ No Customer , No Business လို့တောင် ဆိုလို့ ရတယ်။
ဒါကြောင့်မို့ Marketing Concept မှာ Customer Need & Want တွေကို သိဖို့ အရင်ဆုံး Starting Point မှာ Target Market ကို အရင်လုပ်တာ ဖြစ်ပါတယ်။ Market Segment လုပ်ပြီး အဲ့ Segment မှာ ရှိတဲ့ Customer တွေ .. Consumer တွေရဲ့ Needs တွေကို ရှာဖွေ…နည်းပေါင်းစုံ .. သိုင်းပေါင်းစုံ Marketing တွေလုပ် … စားသုံးသူ စိတ်ကျေနပ်မှု အပြည့်ရရှိအောင်လုပ်ပြီး အကျိုးအမြတ် များစွာ ယူနိုင်တာ ဖြစ်ပါတော့တယ် ခင်ဗျာ ..
အနှစ်ချုပ်အနေနဲ့ သုံးသပ်ရရင် ဖောက်သည် စိတ်ကျေနပ်လေလေ ရည်ရှည် အကျိုးအမြတ် များများ ရလေလေပါပဲ ..
ကိုနေ (NSMS)
See Less