Needs တွေကို အတိကျ ထပ်ခွဲခြမ်း စိတ်ဖြာကြည့်မယ်ဆိုရင်
Needs တွေကို အတိကျ ထပ်ခွဲခြမ်း စိတ်ဖြာကြည့်မယ်ဆိုရင် ..
ဒီအချက်တွေကတော့ Marketing Guru ကြီးတစ်ဦးဖြစ်တဲ့ “PHILIP KOTLER” ရဲ့ ဖောက်သည်များရဲ့ လိုအပ်ချက်အမျိုးအစားကို ခွဲခြားရန်အလို့ငှာဈေးကွက်သမားများသိသင့်သော“ လိုအပ်ချက်ငါးမျိုး” ဆိုပြီး ခွဲခြမ်း စိတ်ဖြာ ခဲ့တာ ဖြစ်တယ်။ အဲ့ဒါတွေကတော့ ..
Stated Needs ; တစ်စုံတစ်ယောက် (သို့) ဖောက်သည်တစ်ဦးက ကားဝယ်လိုတယ်ဆိုပါတော့ ဒါကို ဖောက်သည်ရဲ့ သတ်မှတ် လိုအပ်ချက် တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။
Real Needs; ကားကတော့ လိုတယ် ဒါပေမယ့် ဈေးသက်သာတာ၊ ကားပြင်ဆင်စရိတ်စခတွေ နည်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
Unstated Needs; ကားကတော့ ဝယ်လိုက်ပြီ .. နောက်ထပ် ထပ်လိုချင်တာ ဖြစ်ချင်တာ လိုအပ်တာက ရောင်းချလိုက်သူထံက ကားဝယ်ယူပြီးနောက် ထပ်မံ ရရှိမယ့် ဝန်ဆောင်မှုကောင်းတွေ .. After-Sales Service ပိုင်းတွေ ဖြစ်ပါတယ်။
Delight Needs; ပျော်စရာ ကောင်းပြီး နှစ်သက်ဖွယ်ကောင်းတဲ့ လိုအပ်ချက် ဖြည့်ဆည်းမှုတွေလို့ ပြောလို့ရပါတယ်။ ကားတော့ဝယ်ပြီးပြီ ထပ်ပြီ လိုချင် လိုအပ်နေသေးတာက ရောင်းချသူက ဘာတွေများထပ်ပေးနိုင်မတုန်းဆိုတာပါပဲ။ လက်ဆောင်ပစ္စည်း ဖြစ်စေ .. သူ့ကားမှာ အသုံးတည့်တာ ဖြစ်စေ တစ်ခုခု လိုချင်နေသေးတာပါ။
Secret Needs; ဖောက်က ပစ္စည်းဝယ်ဖို့ (ဒါမှဟုတ်) ဝယ်ပြီး စိတ်ထဲမှာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတဲ့ စိတ်ခံစားမှု လျှိုဝှက်ချက်မျိုးတွေ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ လူတစ်ယောက်က ကားဝယ်တယ်။ သူကတော့ သူများတွေ၊ သူ့ သူငယ်ချင်းတွေကို ကားဝယ်တာ ဘာကြောင့်ဝယ်လဲဆိုတာ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကို ပြချင်လို့၊ ဂုဏ်အရှိန်အဝါကို ပြချင်လို့၊ ငွေကြေး စီမံခန့်ခွဲမှုတွေကို ပြချင်လို့၊ ဒါမှမဟုတ် သူ ကားမောင်းကျွမ်းတယ် ကားအကြောင်းသိတယ် ဆိုတဲ့ အခြေအနေမျိုးကို ပြချင်လို့ ကားဝယ်လိုက်တယ်။ ဒါပေမယ့် အမှတ်တကယ်က သူက ကြွားသာ ကြွားရတာ တကယ်လိုအပ်နေလို့ ဝယ်တာ။ ဒီအချက်ကို လျှိုဝှက်ထားတာပါ။ နှုတ်ခမ်းနီတောင့်ဝယ်တာ ချစ်သူဖို့ တကယ်စိုးတာက သူ .. အဲ့လို မျိုးပေ့ါဗျာ …
#NSMS
#Five Types of Needs
#KONAY